Tempo / Metronome အကြောင်း

Tempo

Tempo ဆိုတာကတော့ တည့်တည့်ပြန်ရရင်အရှိန် အမြန်နူန်းသတ်မှတ်ချက်လို့ဆိုရမှာပါ
အမြန်နူန်းဆိုတော့ မြန်ရမယ်မဆိုလိုပါဘူး
Tempo ဆိုတာကတော့ တေးသံစည်းချက် အနှေးအမြန်သတ်မှတ်မှုပါ

တစ်ချို့သီချင်းနူတ်တွေမှာ Tempo -120/100 စသဖြင့်ရေးထားတာတွေ့ရပါမယ်
၁၀၀ အောက်ဆိုအနှေး ၁၀၀ အထက်ဆိုအမြန်သီချင်း အကြမ်းမျှင်းသတ်မှတ်လို့ရပါတယ်
အလွမ်းအဆွေးသီချင်းအများစုက Tempo အနှေးနဲ့အများဆုံးရေးကြပြီး
ပန့်ရော့စ်လိုသီချင်းမျိုး မက်တယ်လိုသီချင်းမျိုးကြတော့ Tempo အမြန်နဲ့ရေးကြ သတ်မှတ်ပြီးတီးခတ်ရပါတယ်
သီချင်းမစခင် ဒရမ်တီးတဲ့သူက ဒရမ်စတစ်ကို ရိုက်ပြီးအချက်ပေးကြတာတွေ့ဖူးကြပါလိမ့်မယ်
သီချင်းရဲ့ အမြန်နူန်း Tempo ကိုအချက်ပြတဲ့သဘောပါပဲ

Metronome 

Metronome ဆိုတာကတော့ ခနကပြောတဲ့ တေးသံစည်းချက်Tempo တွေကိုသတ်မှတ်ပေးတဲ့
စက်ပစ္စည်း ဆော့ဝဲလ်တစ်ခုပါပဲ
နရီချိန်စက်ပါ Dr Beat လို့လည်းအလွယ်ခေါ်ကြပါတယ်
စတူဒီယိုလောကမှာတော့ အတီးသမားအသစ်တွေကို
ဒေါက်ဘိတောင်ဝင်အောင်မတီးနိုင်ဘူးလို့ စကြနောက်ကျတာရှိပါတယ်

ကိုယ်တီးမယ့် 4/4 2/4 3/4 စတဲ့တိုင်းမင်တွေအလိုက် စည်းချက်မှန်မှန်ထုတ်ပေးတဲ့စက်ပစ္စည်းတစ်ခုပေါ့
အရင်ကတော့ ဟတ်ဝဲလ်စက်ပစ္စည်းတွေနဲ့ Metronome ထုတ်စက်နဲ့အသံထုတ်ရပါတယ်
ဒီဘက်ခေတ်မှာတော့ ဆော့ဝဲလ်တွေ ဖုန်းအပလီကေးရှင်းများစွာနဲ့အသုံးပြုနိုင်ပါပြီ
Google Play store မှာ Metronome လို့ရိုက်ရှာရင်များပြားလှတဲ့ အက်တွေကိုတွေကရမှာပါ။
ခုဗီဒီယိုဖိုင်လေးထဲမှာတော Guitar Tuning သင်ခန်းစာမှာလေ့လာခဲ့တဲ့ Guitar Tuner App ထဲ
Metronome နဲ့ဂစ်တာတီးကျင့်တဲ့နည်းကိုပြောပြမှာပါ

Guitar Tuner App ထဲမှတော့ အောက်ခြေဘားတန်း ဘယ်ဘက်အစွန်ဆုံးက ဂွပုံစံလေးကိုနှိပ်
Metronome ဆိုတာကိုရွေးလိုက်ယုံပါပဲ
ဂစ်တာစတီးမယ့်သူတွေအနေနဲ့ 4/4 တိုင်မင် ကိုပဲ Tempo 60 နဲ့ စည်းချက်လေးချက်အနှေးကို
ဂစ်တာမှာ ၁ ၂ ၃ ၄ ရိုက်ချက်တွေနဲ့စတင်လေ့ကျင့်သင့်ပါတယ်
ဂစ်တာကော့တွေကို Tempo 60 နဲ့ပြောင်းလဲတီးခတ်ရတာလွယ်လာပြီဆိုရင်
70-80-100 စသဖြင့် တိုးပြီးလေ့လာသွားသင့်ပါတယ်။

- TTT/Finger Guitar Class

👉Just For Sharing- not teaching-have fun!😄
လေ့လာပါ မျှဝေပါ ပျော်ရွှင်ပါ Fingers Guitar🎸

Comments