-Fingers Guitar Class
🚩ဂစ်တာနဲ့ပတ်သက်ရင်အမျိုးအစားတွေကကျယ်ပြန့်လွန်းလှပါတယ်
ဂစ်တာကိုခုမှစသင်မယ့်သူတွေအတွက်အသင့်တော်ဆုံးဖြစ်မယ့်
အခြေခံအချက်လေးတွေကိုပြောပြချင်ပါတယ်
Acoustic or Electric
+++++++++++
Acoustic ကိုတော့ဟော်လိုဂစ်တာ၊ဂျက်ကြိုးမပါတဲ့ဂစ်တာလို့ပဲ အကြမ်းဖျင်းပြောလို့ရပါတယ်
ဒီနေရာမှာဟော်လိုဂစ်တာမှာလည်း ဂျက်ကြိုးထိုးလို့ရတဲ့အပေါက်
ပစ်ကပ်ပါတဲ့ဂစ်တာတွေလည်းရှိတာသတိပြုစေချင်ပါတယ်
Electric ကတော့မျက်စိထဲမြင်အောင်ပြောရရင် Stage Show တွေ တီးဝိုင်းတွေမှာမြင်တွေ့ရလေ့ရှိတဲ့
ဂျက်ကြိုးထိုးဂစ်တာ ဂစ်တာEffect တွေနဲ့တွဲဖက်တီးခတ်ရတဲ့ Solid ဂစ်တာအမျိုးအစားပါ
အဲ့တော့ ခုမှစတီးမယ့်သူတွေအနေနဲ့ Acoustic ဂစ်တာနဲ့တီးတီး Electric ဂစ်တာနဲ့
တီးတီးတီးလို့ရတယ်ပြောရမှာပဲ
တစ်ခုရှိတာက ကိုယ့်ဂစ်တာသံသဘာဝအတိုင်းကြားရဖို့ဆိုရင် ဟော်လိုဂျက်မပါတဲ့ဂစ်တာက
ပိုအဆင်ပြေစေပါတယ်
Electric ဆို ဂစ်တာအန့်နဲ့တွဲတီးပြီး လျှပ်စစ်မီးရဖို့လိုပါတယ်
🚩ဘယ်လောက်သုံးရမလဲ-ဈေး
+++++++++++++++
ဂစ်တာနဲ့ပတ်သက်ရင်ဈေးက အဓိကစကားပြောပါတယ် ကိုယ်ကအပျော်တီးဖို့လေ့လာမှာလား
ဂစ်တာသမားဖြစ်ချင်တာလား တစ်ကိုယ်ရည်တီးခတ်သီဆိုဖို့လေ့လာမှာလား နံရံမှာအလှချိတ်ချင်တာလား
စသဖြင့် ဂစ်တာမဝယ်ခင်အရင်စဉ်းစားစေချင်ပါတယ်
ဂစ်တာမှာ ပြည်တွင်းထုတ် ပြည်ပထုတ်ဆိုပြီး အဓိကနှစ်မျိုးရှိပါတယ်
နိုင်ငံခြားပစ္စည်းမှာပြီးဒီမှာထုတ်တဲ့ ဂစ်တာတွေလည်းရှိပါတယ်
ဂျပန် used- USA used စသဖြင့် ရောင်းချနေတာလည်းရှိပါတယ်
ပြည်တွင်ထုတ်ဂစ်တာတွေက သုံးထားတဲ့သစ်အမျိုးအစား အထပ်သားပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိပါတယ်
ထင်းရူးသားဂစ်တာဆိုဈေးအသင့်အသင့်ရှိပါတယ် တောင်သရက်သား အထပ်သားပေါ်လစ်ဆေးသုပ်
တွေကလည်းဈေးတစ်မျိုးပါ
ရန်ကုန်ဂစ်တာဆိုင်တွေမှာတွေ့ရတာက ပြည်တွင်းထုတ် ကော်ကီး ကြေးဘားဂစ်တာတွေက ကျပ် ၂၅၀၀၀
ကနေ ၃၅၀၀၀ လောက်နဲ့ရောင်းချတာတွေ့ပါတယ်
စတီးကီး၊စတီးဘားဂစ်တာတွေက ၄သောင်းပတ်ချာလည်ရောင်းကြပါတယ်
နောက်တစ်မျိုးကတော့ တရုတ်စက်ရုံကနေထုတ်ကြတဲ့ တံဆိပ်မျိုးစုံဂစ်တာတွေပါ
စတီးကီး စတီးဘား ဂစ်တာဖလက်တံတွေထဲမှာ Trussrod
(L-KEY နဲ့ဖလက်တံချိန်ညှိတံလေးတွေပါတဲ့)
ဂစ်တာလေးတွေပါ အဲ့ဒီဂစ်တာတွေကတော့ ဈေးတွေက ၅ သောင်းကျပ်လောက်ကနေစရောင်းတာတွေ့ပါတယ်
ဂစ်တာဆိုင်တွေမှာလေ့လာပြီးသွားစမ်းတီးခဲ့တာတွေအရတော့ တရုတ်စက်ရုံထုတ် ဂစ်တာတွေဟာ
ပြည်တွင်းထုတ်ဂစ်တာတွေထက်တော့ တီးရတာလက်အရသာရှိပါတယ်
အိုးတွေကလည်းပေါ့ပေါ့ပါးပါးရှိပါတယ်
ပြည်တွင်းထုတ်ဂစ်တာတွေ ၃ လက်လောက်ဝယ်တီးခဲ့ဖူးပါတယ် တစ်နှစ်လောက်ကြာတဲ့အခါမှာ
ဖလက်တံတွေကောက်လာတာ ကြိုးတွေမြင့်လာတာ အိုးတွေကြွတက်လာတာတွေကြုံဖူးပါတယ်
နောက်ထပ်တွေ့တာကတော့ ဂျာမနီ-ထိုင်း-အင်ဒို စတဲ့နိုင်ငံ Brand တွေကို တရုတ်စက်ရုံကထုတ်ပြီး
တင်သွင်းလာတဲ့ဂစ်တာတွေ အခုဈေးကွက်မှာ အတော်ရောင်းရတာတွေ့ပါတယ်
Solid Mahogany-ROSEWOOD FRET BOARD-LINDEN WOOD စတာတွေနဲ့ထုတ်ကြတဲ့ဂစ်တာတွေပါ
လေ့လာစမ်းတီးရသလောက်ကတော့ အတော်တီးခတ်လို့ကောင်းပါတယ်
ဈေးကတော့ ၈သောင်းကျပ်လောက်ကနေ ၂သိန်းအောက်တန်အလုံးတွေပါ
သူလည်းသူ့နိုင်ငံထုတ်တံဆိပ်တွေနဲ့လာပါတယ် တစ်နှစ်အာမခံတွေလည်းပါတာရှိပါတယ်။
အဲ့တော့ ခုမှဂစ်တာတီးမယ့်သူတွေအတွက် ရွေးစရာ ၃ မျိုးလောက်ရှိပါတယ်
၃သောင်းကျပ်တန် ပြည်တွင်းဂစ်တာ
၆သောင်းပတ်လည် တရုတ်ဂစ်တာ
တစ်သိန်းပတ်ချာလည် ဘရန်းတရုတ်စက်ရုံထုတ်ဂစ်တာတွေပါ
(ဒီနေရာမှာ ၃သိန်းကျပ်ကနေ ၅သိန်းကျပ်ထက်ကျော်တဲ့ ဘရန်းဒက်ဂစ်တာတွေတော့
ပိုက်ဆံတတ်နိုင်တဲ့သူတွေအတွက်သာဖြစ်တဲ့အတွက်ချန်ခဲ့ပါတယ်)
အကြံပေးချင်တာကတော့ ငါတော့ ၂သိန်းတန်ဂစ်တာဝယ်မှ တီးနိုင်တော့မယ်လို့မထင်စေချင်ပါဘူး
ကိုယ့်အနီးအနားမှာ ဂစ်တာတီးတတ်တဲ့သူရှိရင် အကူအညီတောင်းပြီး ၃သောင်ဝန်းကျင်ထဲက
တီးကောင်းတဲ့ဂစ်တာလေးတွေရွေးဝယ် စတင်တီးခတ်လေ့လာလို့ရပါတယ်
ရေရှည်တီးမယ်ဆိုရင်တော့ ပိုက်ဆံလေးစုပြီး ၈သောင်းပတ်ချာလည်ဂစ်တာလေးဝယ်နိုင်မယ်ဆိုရင်တော့
အကောင်းဆုံးပေါ့
Size - ပုံစံ-ဘယ်လိုရွေးရမလဲ
++++++
ဂစ်တာဈေးကတော့ဟုတ်ပြီ ဘယ်လိုရွေးရမလဲ ဆိုရင် ကိုယ်ကဂစ်တာသမားတွေနဲ့မနီးစပ်ဘူးဆိုပါတော့
ဂစ်တာဆိုင်ရောက်ရင် ဆိုင်ကိုအကူအညီတောင်းပါ ပွင့်ပွင့်လင်းလင်းပြောပြပြီးရွေးချယ်ခိုင်းလို့ရပါတယ်
ဂစ်တာဆိုက်တွေကတော့ 36-38-40-41 ရယ်လို့ရှိကြပါတယ် အများဆုံးတီးနေကြတာကတော့
38-40-41 ဆိုက်တွေပါ ၁၂ကွက်နောက်နားမှာ အချိုင်းလေးပါတဲ့ဂစ်တာ ဗူးသီးအိုးလို့ခေါ်ကြတဲ့ဂစ်တာစသဖြင့်ရွေးလို့ရပါတယ်
လက်ကွက် ၁၂ ကွက်မြောက်မှာ ကြိုးနဲ့ဂစ်တာဖလက်နဲ့ ပေတံမှာ ၂ စိတ်လောက်ပဲကွာတဲ့ဂစ်တာဆိုပိုကောင်းပါတယ်
တီးခတ်ရင်လက်မနာတော့ဘူးပေါ့ အရမ်းကပ်လွန်းရင်လည်း ကြိုးတွေကပ်ကုန်တဲ့အတွက် တီးရတာအဆင်မပြေဖြစ်တတ်ပါတယ်
တစ်ကွက်ချင်း တစ်ကြိုးချင်းစီအလိုက်ဖိပြီး တီးခတ်ဖို့လည်းလိုပါတယ် အသံကြည်ကြည်လင်လင်မကြားရပဲ ကြိုးတွေကပ်နေတဲ့ဂစ်တာဆိုမယူသင့်ပါဘူး
ကိုယ်ကြိုက်တဲ့ဂစ်တာအရောင် အိုးပုံစံကိုယ့်လက်နဲ့ဆုပ်ကိုင်လို့ရတဲ့ဖလက်တံအနေအထား ဖြစ်ဖို့လည်းလိုပါတယ်
ခုခေတ်မှာ ဆိုင်သွားလို့အဆင်မပြေသူတွေအတွက် အွန်လိုင်းကနေလဲဝယ်ယူလို့ရနေပါပြီ
တစ်ခုသတိပြုရမှာက အွန်လိုင်းကမှာမယ်ဆိုရင် ကိုယ်ယူမယ့်အလုံးကို ဗီဒီယိုကောခေါ်ပြီး သေချာပြခိုင်း တီးခိုင်းဖို့လိုပါတယ်
အနာအဆာပါရင်ပြန်လဲလို့ရမရလည်း မေးထားဖို့လိုပါတယ်
ဒီလောက်ဆိုအဆင်ပြေလောက်မယ်ထင်ပါတယ်
🚩ဘယ်လိုထိန်းသိမ်းမလဲ
++++++++++++
ဂစ်တာဘယ်လောက်ဈေးကြီးတာဝယ်ဝယ် အထားအသိုကအရေးကြီးပါတယ်
ဂစ်တာဟာမိုးရေ-အစိုပျံတာကိုကြောက်ပါတယ် ရေစိမ်ခံတာကိုမကြိုက်ပါဘူး
ဂစ်တာစတန်းနဲ့ထားတာအသင့်တော်ဆုံးပါပဲ မရှိရင်လည်တီးပြီးရင် ကြိုးလေးနည်းနည်းလျှော့ ဝယ်တုန်းကပါတဲ့အိတ်ထဲသေချာထည့်ပြီး မပူလွန်း မအေးလွန်းတဲ့နေရာမှာသေချာထားဖို့လိုပါတယ်
ကြိုးတွေသံချေးတက်နေရင်လဲတာ ကီးတွေကိုအုန်းဆီထည့်တာ
ဖလက်တံနဲ့လက်ကွက်တွေကို သန့်ရှင်းအောင်တိုက်ချွတ်တာတွေလည်း
လုပ်သင့်ပါတယ်အခြေခံဒီလောက်ထိန်းသိမ်းရင်ပဲ နှစ်ရှည်ခံနိုင်ပါတယ်
အပိုပစ္စည်းလေးတွေ
++++++++++
ဂစ်တာဝယ်ရင်လက်ဆောင်အနေနဲ့ ပက်ထရမ်လက်ခတ်အိမ်လေးတွေ ကြိုးအပို
Guitar Capoတွေ ကာပိုလို့ခေါ်တဲ့ညှပ်တီးတဲ့ဟာလေးတွေပေးတတ်ပါတယ်
အဲတာလေးတွေမပေးရင်လည်း တစ်ခါထည်းဝယ်လာသင့်ပါတယ် နောက်ကြိုးညှိဖိုကဆိုရင်
ဂစ်တာကီးထိပ်မှာညှပ်ရတဲ့Digital Tuner - ဂစ်တာကြိုးလဲရင်ကော်ထုတ်ရတဲ့
ပလပ်စတစ်ချောင် Guitar String Winder ဂစ်တာကီးလှည်းချောင်း
းတွေ လည်းဝယ်သင့်ပါတယ်
(ဒီထိရေးခဲ့သမျှဟာ ဂစ်တာအခြေခံအချက်လေးတွေပါ ဂစ်တာရွေးဖို့အတွက်များပြားလှတဲ့
အကြံပြုချက်တွေရှိနေပါသေးတယ်
အစပြုမယ့်သူတွေအတွက် ခေါင်းရူတ်သွားစေမှာမို့သိသလောက်ပဲမျှဝေခြင်းဖြစ်ပါတယ်)
-ခင်မင်လျှက်
TTT/Fingers Guitar Class Page🤘
ခရက်ဒစ်ပေးပြီးပြန်လည်မျှဝေနိုင်ပါသည်
#fingersguitarclass #guitar #music #song #share
Finger Guitar Class facebook page
Comments
Post a Comment