Note Valeအခြေခံအကြောင်း


ကျနော်တို့ တစ်ဘားမှာ ၄ ဘိရှိတဲ့ 4/4 Timing အကြောင်းတော့လေ့လာခဲ့ပြီးပြီ
ခုတော့ တစ်ဘား ၄ ဘိထဲက တစ်ဘိမှာဘယ်နှစ်ချက်စီတီးရမလဲဆိုတာဆက်လေ့လာကြပါမယ်
နူတ်တွေကိုအကြမ်းမျင်းချကြည့်ရင်
Whole Note
Half Note
Quarter Note
Eight Note
Sixteen Note စသဖြင့်ရှိကြပါတယ်
အခြေခံအဆင့်မှာကျနော်တို့ Whole Note ကနေ Eight Note အထိပဲလေ့လာကြပါမယ်
Whole Note ကတော့ တစ်ဘားမှာ ၄ဘိရှိရင် တစ်ဘိမှာ တစ်ချက်ပဲတီးတာကိုပြောတာပါ
အပေါ်ကြိုးတွေကနေတီးချတာကို Down Stroke
အောက်ကြိုးတွေကနေပင့်တီးတာကို Up Stroke
လို့လေ့လာခဲ့ပြီးကြပြီ
Down Stroke ဆိုရင် n သင်္ကေတနဲ့ပြမယ်
Up Stroke ဆိုရင် v သင်္ကေတနဲ့ပြသွားပါမယ်
အဲ့တော့
၁။Whole Note ဆိုဒီလိုတီးရပါမယ်
n သင်္ကေတ မို့ Down Stroke တီးပါမယ်
4/4 Timing //n - - - /n - - -/n - - -/n - - -//
ရေတွက်ရန် 1 2 3 4
1 2 3 4 လို့ရေတွက်ပြီး ၁ မှာပဲတစ်ချက်တီးရပါမယ်
2 3 4 မှာတီးစရာမလိုပါ နောက်တစ်ဘားစတဲ့ ၁ မှာတစ်ချက်ပြန်တီးပါမယ်
2 3 4 မှာတီးစရာမလိုပါ ဒါက Whole Note ပါ
၂။Half Note ဆိုဒီလိုတီးရပါမယ်
4/4 Timing //n - n - /n - n -/n - n -/n - n -//
ရေတွက်ရန် 1 2 3 4
1 2 3 4 လို့ရေတွက်ပြီး ၁ မှာပဲတစ်ချက်တီးပါမယ် ၂ မှာမတီးပါ ၃ မှာတီးပါမယ် ၄ မှာ မတီးပါ
၃။Quarter Note ဆိုဒီလိုတီးရပါမယ်
4/4 Timing //n n n n /n n n n/n n n n/n n n n//
ရေတွက်ရန် 1 2 3 4
1 2 3 4 လေးချက်စလုံး တစ်ချက်စီတီးရမှာပါ
ဒီပေ့မှာပထမဆုံးတင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ 4/4 Timing Quarter Note နဲ့တီးခတ်ရတဲ့ဖိုင်ပါပဲ

၄။Eight Note ဆိုဒီလိုတီးရပါမယ်
4/4 Timing //nv nv nv nv /nv nv nv nv/nv nv nv nv/nv nv nv nv//
ရေတွက်ရန် 1an 2an 3an 4an
Eight Note မှာတော့ ၁ ၂ ၃ ၄ လို့မရေတော့ပါဘူး ၁အန် ၂အန် ၃အန် ၄အန်ရေတွက်ရပါတယ်
ိDown Stroke - Up Stroke တီးခတ်ရပါတယ် ၁ ဆိုအပေါ်ကတီးချ အန်ဆိုအောက်ကပင့်တီး အဲလို
တစ်ဘားမှာ ၈ ချက်ဆီတီးရမှာပါ
ဒီEight Note 4/4 Timing တီးနည်းကိုလည်း ပေ့စ်မှာ ဒုတိယလေ့ကျင်းခန်းဖိုင်အဖြစ်တင်ထားပြီးပါပြီ

၅။Sixteen Note
Sixteen Note ကတော့သိထားသင့်တယ်လို့ပဲသဘောထားပါ တစ်ဘားမှာ ၄ဘိဆိုရင်
တစ်ဘိမှာ ၄ ချက် နဲ့၁၆ချက်တီးတာကိုဆိုလိုတာပါ
ရေတွက်ပုံကတော့ 4/4 Timing ဆိုရင် 1ena 2ena 3ena 4ena လို့ရေတွက်တီးခတ်ရပါတယ်
အလျင်းသင့်သလို နောက်ပိုင်းပြောပြသွားပါမယ်
//nvnv nvnv nvnv nvnv/nvnv nvnv nvnv nvnv/nvnv nvnv nvnv nvnv/nvnv nvnv nvnv nvnv//
ကဲခုလောက်ဆို နုတ်အခြခံ တိုင်းမင်းအခြေခံလေးတွေနားလည်ကြမယ်ထင်ပါတယ်။
TTT/Fingers Guitar Class
လေ့လာပါ မျှဝေပါ ပျော်ရွှင်ပါ Fingers Guitar🎸
(ယခုသင်ခန်းစာနှင့်ပတ်သက်ပြီးမိမိတို့လေ့ကျင့်ထားသော ဗီဒီယိုဖိုင်ကို
ပေ့စ်မက်ဆော့ဘောက်ကနေပေးပို့ထားနိုင်ပါတယ်၊အလျဉ်းသင့်သလို
အကြောင်းပြန်ပေးပါမယ်)
လေ့လာပါ မျှဝေပါ ပျော်ရွှင်ပါ Fingers Guitar🎸
Please Subscribe Youtube link!

Comments